အလွန် အစွန်းရောက်နေတဲ့ လူတစ်ချို့ ကိုတွေ့ ဖူးတယ်...အဲဒီအထဲ မှာ အဖေလည်း ပါတယ်... အပြစ်ပြောတာ တော့ မဟုတ်ပါဘူး၊၊ အဖေ့ အကြောင်းတော့ မပြောတော့ ပါဘူး ၊၊ အဖေသာ သူအကြောင်းတွေကို တွေ့ သွားရင် သတ်နေအုံး မယ်။
ဘာရယ်တော့ မဟုတ်ပါဘူး...လွန်ခဲ့တဲ့ ၃ နစ်ကတည်းက အဆက်သွယ် မရတဲ့ သူငယ်ချင်းတစ်ယောက် အခုသူ နဲ့ တွေ့လို့ သူ့ အကြောင်းတွေ ခေါင်းထဲ ရောက်လာတယ် ။ ဗမာပြည်မှာတုန်း က ပေါ့..သူ ကနယ် က ကျောင်းလာတက်တာ ။ အစတုန်း ကို ကိုယ့်ကိုယ် ကို သူငယ်ချင်းတွေထဲ မှာ အရပ်အပုဆုံး လို့ထင်ထား တာ အဲဒီတစ်ယောက် ပေါ်လာမှ ပဲ နေသာထိုင်သာ ရှိသွားတာ။ လူက တော့ ၂၄ နာရီလုံး စပ်ဖြဲ စပ်ဖြဲ။ စာရေးအသား ကောင်းတာက တော့ လန်ထွက်နေတာပဲ။ ကျောင်းတုန်း က သူကို မခင်တဲ့လူ ဘယ်သူမှမရှိ..တော်တော်လည်း သဘော ကောင်းပါတယ်။
တစ်ခါမှ ဘောင်းဘီ မ၀တ် ဘူး.. အမြဲတမ်း ပုဆိုး နဲ့....သူနဲ့စတွေ့ တည်း က ပုဆိုးပဲဝတ်တာတွေ့တယ်..၁၀တန်းသာ ပြီးသွားတယ်..။ ၁၀ တန်း စာမေးပွဲသိရတဲ့ နေ့ က ဘာစိတ်ကူးပေါက်လဲ မသိဘူး... ဘောင်း ဘီ တိုတို လေး ၀တ်ပြီး တော့ အိမ်ကို ရောက်ချလာတယ်..။ ပြီးတော့ မျက်နှာသေ နဲ့ ။ သူ့တစ်သက် နဲ့ တစ်ကိုယ် အဲဒီတစ်ခါ ဘဲ ဘောင်ဘီ ၀တ်တာတဲ့ ။ ဘာတွေ စဉ်းစား ပြီး ယုံကြည်ထားလည်းတော့ မသိ။ ဟိုးအရင်တုန်းက(၁၉၃၀) ဒီကိုကျောင်းလာ တက်တဲ့ ဗမာကျောင်းသား တွေ တစ်ချို့လည်း အဲလိုရှိတယ် တဲ့။ မြန်မာ ပြည် က ထွက်လာတည်း က ဒီမှာကျောင်းပြီးသွားတဲ့ အထိ မြန်မာ လိုပဲဝတ်တာ ။ လမ်းသွားရင် လူတွေ ပြုံးစိ ပြုံးစိ လုပ်သွားတဲ့ ဒဏ်၊ ရာသီဥတု အေးတဲ့ ဒဏ်တွေ ကို သာခံတယ် ဘယ်တော့ မှ ဘို လို မ၀တ်ဘူး ဆိုပဲ။ ....
0 comments:
Post a Comment