BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Wednesday, 5 May 2010

အကျင့် ဆိုးများ

   မွေးရာပါ အကျင့် ဆိုး တွေ ရှိတယ်..
၁။ Secret မထားတတ်.... ကိုယ်ဖြစ် သမျှ ကို လူတိုင်း ကို လျှောက်ပြော ချင်တယ်...သူ များက မပြော နဲ့ဆိုရင် ပြောဖြစ်အောင် ကို သွားပြောတယ်... ပါးစပ် မလုံ ဘူး....ဒါတွေကြောင့် ဒုက္ခ ရောက် ပေါင်း များ ပြီ...

၂။ အစားစာ ကို ပုံ မှန် မစား....စားသမျှ ဟာတွေက လည်း မဖြစ်စလောက်လေးတွေ....ထမင်းကို လည်း ပန်းကန် လုံး သေးသေး နဲ့ ဘဲစားတယ်..တစ်ခါ ပီးရင် ဘယ်တော့ မှ ထပ်မထည့်စားတော့ ဘူး...

၃။ လူပေါင်း မဆန့်...... ကိုယ် မသိတဲ့ နေရာတွေ..ပွဲတွေ သွားလို့ရှိ၇င်... တစ်စိမ်းလူတွေ နဲ့ ဘယ်တော့ မှ စကား မပြောဖြစ်...ကိုယ့်ဘာသာကို ခပ်တည်တည် နေပီး ပြန်လာတာဘဲ

၎။ ကိုယ်ကြိုက်ရင် ဘယ်ဟာပဲ ဖြစ်ဖြစ် မကောင်း၇င် လည်း သိမ်းထားတယ်...ကိုယ်မ ကြိုက် ရင် ဘယ်လောက်ကောင်းတဲ့ ဟာ ဖြစ်ဖြစ် ...လွင့်ပစ်တယ်
၅။ ပိုက်ဆံ မက်တယ်

၆။ အချိန် မတိကျဘူး

၇။ မေ့တတ်တယ်...နမော် နမဲ့ ဖြစ်တဲ့ နေရာ မှာ နှစ်ယောက် မရှိဘူး...passport, bankcard,ဖုန်း. အိမ်သော့ ဆိုရင်ပျောက် နေကျ...
၈။ အပျော် ကြုးတယ်....အဖေ့နဲ့တူလို့
၉။ မဖြစ်သေး တဲ့ ဟာတွေ ကို ပေါက်တက် က ရတွေး ပြီးစိတ်ပူ တတ်တယ်....

၁၀။ စိတ်ဓါတ် ကျ လွယ်တယ်.......လွယ်လွယ် နဲ့  အရှံး ပေးတတ်တယ်



နောက်ထပ် အများကြီး ရှိတယ်....ထပ် မရေးတော့ ဘူး ..။.     ၁၁။ပျင်းလို့

0 comments: