၁၂၈၉ နှင့် ၁၂၉၀ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၉ ရက်နေ့ ( ၁၃.၄.၁၉၂၈)
သင်္ကြန်အကျ နေ့တွင် မော်လမြိုင်၊စစ်တွေ မြို့ တို့တွင် ပျော်ပျော်ပါးပါး အကြီးအကျယ် ရေ က စားနေကြပေ
လိမ့်မည်။ အခြားမြို့ များတွင် လည်း လုလင်ပျို ၊လုံမပျို တို့သည် တစ်ယောက် ကို တစ်ယောက် ရေပက်ကာ
ရက်ကြီး ခါကြီးအတွင်း ဥပုသ်ဇ၇ပ် သို့ထွက် ကာဥပုသ် ဆောက် တည်နေကြ ပေလိမ့် မည် စသည် ဖြင့်ညောင်ေ၇သွန်းပွဲတော် ကို လက်ဝဲသု န္ဒြအမတ်ကြီး တစ်းတဘိ သကဲ့သို့ ကျွန်တော် တို့လည်းတမ်းတ မိကြ လေသည်။ ပွဲခါ ညောင်ေ၇ ရတုကို ပင်ရွတ်ဆိုမိ ကြ၏။
အင်္ဂလန်သို့ရောက်နေ ကြ သော မြန်မာကျောင်းသား ပေါင်းတို့ကားအေးသော တိုင်းပြည်တွင်ဖြစ်သော ကြောင့် တစ်ယောက်အားတစ်ယောက် ရေလောင်းတမ်း ၊ရေပက်တမ်း ကစား ၇န် မဖြစ်နိုင်။ အကယ်၍ ထိုကဲ့သို့ ရေလောင်းတမ်း ကစား၍ ဖြစ်စေကာမူ ယောင်္ကျားအချင်း ချင်း ရေကစား၍ စည်းစိမ် မရှိလှ။ အင်္ဂလိပ် မိန်းကလေးတို့ အား ရေသွားလောင်းရမှာ ကလည်း အမှု ရောက်ပေလိမ့် မည်။ အမှု မရောက် မီပင် အရုး ဟူ၍အထင်ခံ၇ မည်။ သင်္ကြန် အခါ တွင် မြန် မာပြည် ကို လွမ်းဆွတ်ခြင်း၊ ယခင်နှစ်များ က ပျော်ပျော်ပါးပါးရေကစား ခဲ့ ခြင်း များ ကို ပြန်လည် စဉ်းစားခြင်းဖြင့် သာ စိတ်ကို ဖြေရ၏။
မိဘ၊ ဆွေမျိုး မိတ်ဆွေ များထံသို့ နှစ်ဟောင်းကုန်လွန် ၍နှစ်သစ်ကူး ပြောင်း သောအခါတွင် ကျန်းမာချမ်းသာကြ ပါစေ ဟူသော စာများကိုရေ၍ ထည့်ကြလေသည်။ အချို့ မှာ ကဗျာ လင်္ကာ ကလေးများ ကို စပ်၍ မြန်မာ ပြည်နေ မိတ်ဆွေ များထံ သို့ပို ကြ၏။ အချို့ ကလည်း မြန်မာထမင်း ၊မြန်မာဟင်းများ ကို ကိုယ်တိုင်ချက် ပြုတ်ကာ မိတ်ဆွေတို့အား ဖိတ်ကျွေး ကြ၏။ အချို့မူ ကား ပျော်ပွဲစားထွက် ကြ၏။ ကျွန်တော်တို့လူစု ကား မီး နားတွင်ထိုင် ကာ မြန်မာပြည် တုန်း က သင်္ကြန် အခါတွင် ပျော်ပါးခဲ့သည့် အကြောင်း များ ကို ပြန်ပြောင်းကာစဉ်းစား၍ နေ ကြ ကုန်၏။ စကားကောင်း၍ ခပ်ညောင်းညောင်း ရှိလာ ကြသော အခါ ရှန်ဟဲ တရုတ်ဆိုင် သို့ ပြေးကြပြီး လျှင် ခေါက်ဆွဲ ၊ထမင်းကြော် တို့ကို ၀ယ်စား ကြ ကုန်၏။
0 comments:
Post a Comment